ကျောင်းသားအသံ အကြောင်း

                        ကျောင်းသားအသံကို အိုးဝေမဂ္ဂဇင်း ကိုတမ်းတ မိ၍သော်လည်းကောင်း  နိုင်ငံတကာ 
ကျောင်းသားအသံမဂ္ဂဇင်းကို သဘောကျနှစ်ရှိုက်၍သော်လည်းကောင်း ကျောင်းသားလူငယ်တို့ ၏ ကဗျာဥာဏ် စာဥာဏ်တို့ ဖြင့် လိုင်းပေါ်တွင် တင်လာသော ကဗျာ ဆောင်းပါး တို့ ကြောင့်လည်းကောင်း
အောင်ပန်းလူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက်မှ စိုင်းနောင်ပြည့် မှ အကြံဥာဏ်ကောင်းစွာဖြင့်"ကျွန်တော်တို့ 
 ကျောင်းသားအသံတွေကိုနားထောင်ဖို့  လူကြီးတွေ ကျောင်းသားတွေရဲ့ ခံစားချက်တွေကိုနားလည်ဖို့  ကျွန်တော်တို့ ကျောင်းသားတွေဟာ သူတို့ လူကြီးတွေထင်မြင်သလို အရာမ၀င်တဲ့ လူငယ်တွေမဟုတ်ပါ
ကျွန်တော်တို့ ကျောင်းသားတွေဟာ သူတို့ လူကြီးတွေထင်မြင်သလို တေလေဂျပိုးမဟုတ်ပါ...
ကျွန်တော်တို့ ကျောင်းသားတွေဟာ သူတို့ လူကြီးတွေထင်မြင်သလို မူးယစ်သားကောင်မဟုတ်ပါဘူး..
ကျွန်တော်တို့  လူငယ်တွေကြားမှာ ချစ်ခြင်းမေတ္တာတွေရှိတယ် ...ကဗျာဥာဏ်၊စာဥာဏ်၊ ဆောင်းပါး၊
ကာတွန်း၊ ၀တ္ထုတွေနဲ့  လူမျိုးချစ်စိတ်၊တိုင်းပြည်ချစ်စိတ်တွေရှိနေပါတယ် မဖွင့်ဟရဲ့ တဲ့ စနစ်ကတည်းက 
ဖွင့်ဟချင်တဲ့  စိတ်လေးတွေရှိပါတယ်..သူတို့ တွေရဲ့ ရင်ဖွင့်သံလေးတွေကို စာနာပေးနိုင်မဲ့ နားထောင်ပေး
မဲ့ သူတွေကိုမျှော်လင့် နေမှာပါ ..သူတို့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ပြောချင်မှာ၊လွတ်လပ်စွာ 
ရေးသားချင်မှာ အရင်ကတည်းက အိုးဝေလဲရှိခဲ့ တာပဲ ခုဆို နိုင်ငံတကာ ကျောင်းသားမဂ္ဂဇင်းတောင်ရှိနေ
တာပဲ ပြီးတော့ ပြီးခဲ့ တဲ့ ဖေဖော်ဝါရီကလဲ နော်ဝေမှာ အပြည်ပြည်ဆိုင်ရာကျောင်းသားပွဲတော် တောင်ကျင်း
ပခဲ့ သေးတာပဲ ..ဒီတော့ကျွန်တော်တို့ မြန် မာ့ကျောင်းသားတွေက ဘာလို့ ခုချိန်ထိ တိမ်မြုပ်နေရတော့မလဲ
ဒီတော့နှစ်လတစ်ခါ စာစဉ်ကနေ စမယ် နောက်ဆို တစ်လတစ်ခါ မဂ္ဂဇင်း အထိထုတ်နိုင်ဖို့ ကြိုးစားမယ် ..
အိုးဝေ ကို ကျောင်းသားအသံနဲ့ ပြန်လည်အသက်ဝင်စေမယ်........အနာဂါတ်မှာ မြန်မာ့ကျောင်းသားတွေ
ဟာ တစ်ကမ္ဘာလုံးကလေးစားရတဲ့ စံပြကျောင်းသားတွေဖြစ်စေရမယ်........ဒီတော့ ကျွန်တော်တို့ 
ကျောင်းသားတွေ ရဲ့ ဝါသနာ ရည်မှန်းချက် အနာဂါတ်ပန်းတိုင်တွေကို မိဘတွေ ဆရာတွေ အစိုးရတွေသိဖို့ 
လိုအပ်လာပြီ......၀ါသနာအရကျောင်းတက်ချင်ပေမဲ့ မတက်ရတဲ့ ကျောင်းသားတွေ သူငယ်ချင်းတွေ
ရဲ့ ကြေမွသွားသောပန်းတိုင်တွေ   ရည်မှန်းချက်တွေ....ကို မခံစားစေချင်တော့ ဘူး.......အစိုးရကလဲ
ပညာရေးမူဝါဒပါ  ပြောင်းလဲသင့်နေပြီလေ.........ဒီတော့ ကျောင်းသားတွေရဲ့ ဆန္ဒ တွေခံစားချက်တွေကို
ထုတ်ဖော်နိုင် မဲ့ နေရာလေးတစ်ခုလိုလာပြီ........ထုတ်ဖော်ပြောဆိုချက်တွေကိုလဲ အသိအမှတ်ပြုလေးစား
ထားတဲ့ နေရာလေးလိုလာပြီ............"အဲ လိုနဲ့ ဒီ blogလေးကိုရေးမယ် နောက်facebookမှာ ဖွင့်မယ်
သူတို့ ကိုလေးစားတဲ့ အနေနဲ့  စာအုပ်ထုတ်ဝေမယ်ဆိုပြီး .....လုပ်ဆောင်လာကြတာပါ........

0 comments:

Post a Comment