ပညာရေးကဏ္ဍ


အင်္ဂလိပ်စာကို တတိယတန်းက စသင်ကြားရမည်
Sunday, 05 May 2013



အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြား
ပေးတော့မည်ဖြစ် ကြောင်း သိရသည်။
...
... ယင်းသို့သင်ကြားနိုင်ရန်အတွက်စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်
လည်း မည်သည့်ပညာသင်နှစ် တွင်စတင်သင်ကြားမည်ကို မပြောနိုင်
သေးကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အေ၊ ဘီ၊ စီကစပြီး အင်္ဂလိပ်စာဘာသာရပ်ကို တတိယတန်းကပဲ စာသင်ရတော့မှာ ဖြစ်ပါတယ်။ မူကြိုတန်း၊ ပထမ၊ ဒုတိယတန်းတို့မှာတော့ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေ ဥပမာ-မြန်မာ ဆိုရင် မြန်မာစာ၊ ရှမ်းဆိုရင် ရှမ်းစာ၊ ရခိုင်ဆိုရင် ရခိုင်စာဆိုပြီး ကိုယ့်ဘာသာစာပေကို သင်ကြရမှာ ဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ထပ်မံပြောသည်။

အင်္ဂလိပ်စာကို တတိယတန်းတွင်မှ စတင်သင်ကြားစေခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲမှုများမှ တစ်ခုဖြစ်ပြီး အခြေခံပညာမူလတန်း
အောက်အဆင့်တွင် မိခင်ဘာသာစာပေကို တစ်ပြိုင်နက်သင်ကြား နေခြင်း
သည် ကလေးများအတွက် အခက်အခဲဖြစ်စေနိုင်သောကြောင့် ယခုကဲ့သို
့ပြောင်းလဲသင်ကြား စေခြင်းဖြစ်နိုင်သည်ဟု အမှတ် (၃) အခြေခံပညာ
ဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်း၏ယူဆချက် ကို ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားပညာရေးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ
ဒေါ်မြမြစန်းက "အင်္ဂလိပ်စာ ကို အခြေခံပညာ မူလတန်း (သူငယ်တန်း) ကတည်းက စသင်သင့်တယ်။ အင်္ဂလိပ်စာကို အထင်ကြီး လို့တော့မဟုတ်
ဘူး။ လူရာဝင်အောင်လို့၊ နိုင်ငံတကာသုံးအင်္ဂလိပ်စာကို ငယ်ငယ်ကတည်း
ကသင်မှ ကျွန်မတို့ရဲ့ ကလေးတွေ သူများထက် နောက်မကျမှာ" ဟုပြော
သည်။

ယခုလက်ရှိတွင် အင်္ဂလိပ်စာဘာသာရပ်၏ သင်ရိုးများကိုပြောင်းလဲရေးဆွဲ
နေပြီဖြစ်ကြောင်း၊ အင်္ဂလိပ် စာကို တတိယတန်းမှစ၍ သင်ကြားရသော်လည်း
ယင်းအတန်းရှိကလေးများ၏သင်ယူနိုင်မှုစွမ်းရည် ပေါ်မူတည်၍လည်းကောင်း၊ ဆက်လက်သင်ကြားသွားမည့် အတန်းများအတွက်ပါ ကိုက်ညီသော သင်ရိုး
များကို ပြောင်းလဲရေးဆွဲသွားမည်ဖြစ်သည်။

The Yangon Time Daily

0 comments:

Post a Comment