ကျောင်းသားအသံ မဂ္ဂဇင်း

Saturday, March 9, 2013

ကျောင်းသားအသံ

ကျောင်းသားစာစဉ်

          ကျောင်းသားအသံ ကျောင်းသားစာစဉ် ကို အောင်ပန်းလူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက် နှင့် ရှမ်းတောင်ကျောင်းသားသမဂ္ဂ တို့ မှ လူငယ်ဖွံ့ဖြိုးရေး ကိုဦးတည်၍ ယခုစာစဉ်ကို စီစဉ်ရခြင်းဖြစ်သည်။
                 ကျောင်းသားအသံ စာစဉ်ကို ကျောင်းသား လူငယ်အားလုံးပါဝင်ရန်မျှော်လင့် သည်။စာစဉ် မှ
သည် မဂ္ဂဇင်း အထိ ထုတ်နိုင်ရန်လည်းမျှော်လင့်ထားသည်။ယခု ပထမအကြိမ် ထုတ်ဝေမည့်စာစဉ် ကို
လည်းမီနီ မဂ္ဂဇင်း သဏ္ဍန် ကဏ္ဍ စုံလင်စွာ ထည့်သွင်း ဖော်ပြသွားမည်။
"ကျောင်းသားအသံ" ကျောင်းသားစာစဉ်ကို ဖန်စီဆန်သော မျက်နှာဖုံးဖြင့်ဦးစွာ ထုတ်ဝေမည်ဖြစ်သည် ..ပါဝင်မည့်ကဏ္ဍများမှာ
(၁)ကဗျာ
(၂)ကာတွန်း
(၃)ပန်းချီ
(၄)ဓါတ်ပုံ
(၅)ဟာသ
(၆)ဆောင်းပါး
(၇)၀တ္ထုတို
(၈)ကျောင်းသားရင်ဖွင့်သံမျာ
(၉)အပျော်နည်းပညာများ
(၁၀)ကြော်ငြာများတို့ ဖြစ်သည်..
အဆိုပါကဏ္ဍအသိးသီးမှ ကဗျာ ပန်းချီ ဓါတ်ပုံ ဟာသ ဆောင်းပါး ၀တ္ထုတိုစသည်တို့ ကို ပညာရေး အချစ်ရေး ဘ၀သရုပ် နိုင်ငံရေးစသည်ဖြင့် စုံလင်စွာဖော်ပြပေးသွားမည်ဖြစ်သည်..ကျောင်းသားရင်ဖွင့်သံများကိုလည်း နှစ်မျက်နှာမှသုံးမျက်နှာအထိတစ်ဦးလျှင်သုံးကြောင်းထက်မပို သောစာများကိုထည့် သွင်းပေးသွားမည် အယ်ဒီတာများမှာ  

ကဗျာ -ကဗျာဆရာ မောင်သုည
ကာတွန်းနှင့်ပန်ချီ -ပန်ချီဆရာ ကိုလတ်နှင့် ကိုမြတ်သူ
ဓါတ်ပုံ -အောင်ပန်းဓါတ်ပုံတိုက်နှင့် ကမ္ဘောဇ(မျိုးမျိုး)

ဟာသ -လူငယ်ဖွံ့ဖြိုးရေး ကိုစိုင်းနောင်ပြည့်
ဆောင်းပါး -ဆောင်းပါး သာမြား
ဝတ္ထုတို -ပိုးမူ အောင်ပန်းစာကြည့်တိုက်မှူး
အပျော်နည်းပညာများ -လူငယ်ဖွံ့ဖြိုးရေး ကိုစိုင်းနောင်ပြည့်
အပျော်နည်းပညာများဆိုသည်မှာ ဥပမာအားဖြင့်ဆိုသော် တရုတ်ကြိုးထုံးနည်း၊ကြယ်ခေါက်နည်း၊ကြိုးကြာခေါက်နည်းစသည်တို့ ကိုဆိုလို သည်..
စာမူပေးပို့ လာသော ကျောင်းသားများကို စာအုပ်ပြန်လည်လက်ဆောင်ပေးမည်ဖြစ်သည်..
စာမူပေးပို့ သောကျောင်းသားများသည်
အမည်                     -
ကလောင်အမည်         -
ဆက်သွယ်ရန်လိပ်စာ
   -
အပြည့်အစုံ
ကျောင်းနှင့်အတန်း      -
ကိုဖော်ပြပေးရမည် ။သို့ သော်ကလောင်အမည်များဖြင့်သာဖော်ပြပေးမည် ဖြစ်သည်။
စာမူပေးပို့ လိုပါက
စိုင်းနောင်ပြည့်
အောင်ပန်းလူငယ်ဖွံ့ဖြိုးရေးစာကြည့်တိုက်
အောင်ပန်းမြို့ ။
ဖုန်း-09428365740သို့ လည်းကောင်း
mr.toeplus@gmail.comသို့ လည်းကောင်း
studentsvoice.mm@gmail.comသို့ လည်းကောင်း

ကျောင်းသားအသံ-Studentsvoice Pageတွင်လည်းကောင်းပေးပို့ နိုင်ပါသည်..
(ကြော်ငြာကဏ္ဍတွင်လည်း မိမိတို့ ၏ကြော်ငြာများထည့်သွင်းလို ပါက
အထက်ပါလိပ်စာများတွင် ကျသင့်ငွေဖြင့် ရန်ပုံငွေထည့်သွင်းစေလိုပါသည်)
ယခုကျောင်းသားစာစဉ်ကို ကျောင်းသားလူငယ်များ အသိဥာဏ်ဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရန်

ရည်ရွယ်ပြီးကြော်ငြာများမှရရှိသောရန်ပုံငွေများအား 2013ဇူလိုင်လ၇ရက်နေ့တွင် ဆင်းရဲ နွမ်းပါးသော စာသင်ကျောင်းများတွင် တတ်နိုင်သမျှ စာအုပ်ဘောပင်ခဲတံနှင့်စာရေး ကိရိယာများ လှူဒါန်းသွားမည်  ဖြစ်သည်။။။
ထို့ ကြောင့ိကျောင်းသားများအားလုံးပါဝင်နိုင်စေရန်
Share ပေးကြရန်နှင့်မိမိသူငယ်ချင်း ကဗျာဝါသနာရှင်စာဝါသနာရှင်များကိုလဲ
ပြောဆိုပေးကြပါလို့ မေတ္တာပြုတောင်းဆိုပါရစေ..

ဧပြီလကုန်အထိ စာမူများကိုလက်ခံသွားမည်ဖြစ်သည်..ထို့ အပြင်
ဧပြီလကုန်အထိ ဖန်စီဆန်သောမျက်နှာဖုံးဒီဇိုင်းများကို ၀င်ပြိုင်နိုင်ကြပါသည်
မျက်နှာဖုံးဒီဇိုင်းများကို webများတွင်ရှာ၍သော်လည်းကောင်း
မိမိကိုယ်တိုင် ဆွဲ၍သော်လည်းကော
င်း ဤpageတွင် တင်နိုင်ကြပြီး
Likeအများဆုံးပုံအား မျက်နှာဖုံးအဖြစ်အသုံးပြုသွားမည်ဖြစ်သည်
ဒုတိယ Like အများဆုံးပုံအား ကျောဖက်တွင်ဖော်ပြသွားမည်ဖြစ်သည်..
ကျောင်းသားအများဆုံးပါဝင်နိုင်ဖို့ share ပေးကြပါဦးဗျာ..


 
                                                         ကျောင်းသားအသံ
စိုင်းနောင်ပြည့်

 

0 comments:

Post a Comment